Thursday, May 27, 2010
ရွှေ မှာတမ်း
ဒီမြေပေါ်ခြေချကတည်းက
ချွေးဆိုတာ အဖေါ်အဖြစ်ပါလာခဲ့တာပါ
(ကံ)ကိုမလွန်ဆန်နိုင်တဲ့အတွက်
အသက်စတေးခဲ့ရတာလည်း
ဒီမြေပေါ်မှာ
(ရွှေ)တွေဘယ်လောက်များခဲ့ပြီလည်း........?
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုးမြဲရမယ့်အစား
ဒုက္ခတွေပဲ ဖန်တစ်ရာမြဲနေကြရတယ်..........တို့တတွေ
လာခြင်းကောင်းရင် ပြန်ခြင်းလည်းကောင်းရမှာပေါ့
တို့ မိဘ တို့မိသားစုတွေအတွက်.......
ဒုက္ခကိုကြံကြံခံကြပါ
နာကျင်မှု တွေနှင့်လည်းကျနေရင်တောင်
အစွမ်းကုန် ကျုံးရုံးထကြပါ.......
ရောင်နီဦးဆိုတာ လက်တစ်ကမ်းအလိုမှာ
မုန်တိုင်းပြီးရင် လေပြေပဲမို့
တိုက်စားခံရတဲ့ ကမ်းနာသစ်ပင်မဖြစ်စေနဲ့
ကောင်းသတင်းကိုကောင်းခြင်းကပဲဆောင်တာမိှု့
(ရွှေ)မြန်မာမလေးတို့ရေ မင်းတို့ပါးက
သနပ်ခါးပါးကွက်
ဘယ်သူဖြက်လို့မှ
မပျက်စေနဲ့နော်........။
ချွေးဆိုတာ အဖေါ်အဖြစ်ပါလာခဲ့တာပါ
(ကံ)ကိုမလွန်ဆန်နိုင်တဲ့အတွက်
အသက်စတေးခဲ့ရတာလည်း
ဒီမြေပေါ်မှာ
(ရွှေ)တွေဘယ်လောက်များခဲ့ပြီလည်း........?
ငါးပါးသီလကိုခါးဝတ်ပုဆိုးလိုးမြဲရမယ့်အစား
ဒုက္ခတွေပဲ ဖန်တစ်ရာမြဲနေကြရတယ်..........တို့တတွေ
လာခြင်းကောင်းရင် ပြန်ခြင်းလည်းကောင်းရမှာပေါ့
တို့ မိဘ တို့မိသားစုတွေအတွက်.......
ဒုက္ခကိုကြံကြံခံကြပါ
နာကျင်မှု တွေနှင့်လည်းကျနေရင်တောင်
အစွမ်းကုန် ကျုံးရုံးထကြပါ.......
ရောင်နီဦးဆိုတာ လက်တစ်ကမ်းအလိုမှာ
မုန်တိုင်းပြီးရင် လေပြေပဲမို့
တိုက်စားခံရတဲ့ ကမ်းနာသစ်ပင်မဖြစ်စေနဲ့
ကောင်းသတင်းကိုကောင်းခြင်းကပဲဆောင်တာမိှု့
(ရွှေ)မြန်မာမလေးတို့ရေ မင်းတို့ပါးက
သနပ်ခါးပါးကွက်
ဘယ်သူဖြက်လို့မှ
မပျက်စေနဲ့နော်........။
Wednesday, May 26, 2010
ရောင့်ရဲစိတ်
ဒီမယ် အမိ
ဘာသာမတူ လူမျိုးခြား
ဘယ်သူ့ကိုများမင်းစိတ်ဝင်းစားနေလည်း အမိ
ရှိတာလေးနှင့်စား
ရတာလေးကိုယူ
လောဘအပိုစိတ် အလိုမလိုက်လို့
ကိုယ့်မြေနဲ့ကိုယ့်ရေ
ကိုယ့် အခြေနေနဲ့ ကိုယ့်ဘဝ
ကိုယ့်သဘာဝမဟုပ်တဲ့
အခုမင်းနေတဲ့နေရာ အချိန်နဲ့အခါကိုကြည့်
မျက်စိကိုဖွင့် နားကိုစွင့်လို့
သတိတစ်ချက်တော့ထာစေ အပ်ရဲ့အမိ။
မင်းရဲ့အနီးအနား
ကျင်လည်းလို့ကျက်စား
ဘာသာမတူလူမျိုးခြားတွေက
သွားရည်းတမြမြ
အစွယ်တ သသနဲ့ ခွေးတစ်ကောင်လို
ကြည့်နေတယ်ဆိုတာသိရဲ့လား အမိ...။
အရှက်ကိုယူ အသက်ကိုချူ
အငတ်မပြေတဲ့ သူတို့စိတ် မျက်စိစုံလုံးမှိတ်လို့
တစ်ပွဲတစ်လှမ်း
အကဲစမ်းကြည့်ကာ.
သိက္ခာကို ငွေနဲ့ အလဲအထပ်
မလုပ်ချင် စမ်းနဲ့ အမိ
အစားမတော်တလုပ်
အသွားမတော် တစ်လှမ်းလို့
စကားဆိုရိုးရှိတာမို့
အသိလေးနဲ့ သတိ
ယှည်တွဲလို့ ကြည့်ရင်း
ကျော်ဖြတ်ရမယ့် ခရီးကြမ်း
ရောင့်ရဲ့မှု အစွမ်းနဲ့ ကျေနပ် လိုက်စမ်းပါ အမိ.....။
ဝဿန်မိုး
ဘာသာမတူ လူမျိုးခြား
ဘယ်သူ့ကိုများမင်းစိတ်ဝင်းစားနေလည်း အမိ
ရှိတာလေးနှင့်စား
ရတာလေးကိုယူ
လောဘအပိုစိတ် အလိုမလိုက်လို့
ကိုယ့်မြေနဲ့ကိုယ့်ရေ
ကိုယ့် အခြေနေနဲ့ ကိုယ့်ဘဝ
ကိုယ့်သဘာဝမဟုပ်တဲ့
အခုမင်းနေတဲ့နေရာ အချိန်နဲ့အခါကိုကြည့်
မျက်စိကိုဖွင့် နားကိုစွင့်လို့
သတိတစ်ချက်တော့ထာစေ အပ်ရဲ့အမိ။
မင်းရဲ့အနီးအနား
ကျင်လည်းလို့ကျက်စား
ဘာသာမတူလူမျိုးခြားတွေက
သွားရည်းတမြမြ
အစွယ်တ သသနဲ့ ခွေးတစ်ကောင်လို
ကြည့်နေတယ်ဆိုတာသိရဲ့လား အမိ...။
အရှက်ကိုယူ အသက်ကိုချူ
အငတ်မပြေတဲ့ သူတို့စိတ် မျက်စိစုံလုံးမှိတ်လို့
တစ်ပွဲတစ်လှမ်း
အကဲစမ်းကြည့်ကာ.
သိက္ခာကို ငွေနဲ့ အလဲအထပ်
မလုပ်ချင် စမ်းနဲ့ အမိ
အစားမတော်တလုပ်
အသွားမတော် တစ်လှမ်းလို့
စကားဆိုရိုးရှိတာမို့
အသိလေးနဲ့ သတိ
ယှည်တွဲလို့ ကြည့်ရင်း
ကျော်ဖြတ်ရမယ့် ခရီးကြမ်း
ရောင့်ရဲ့မှု အစွမ်းနဲ့ ကျေနပ် လိုက်စမ်းပါ အမိ.....။
ဝဿန်မိုး
အမေ့အိမ်သို့ လွမ်းချင်း
အမေ......ကရုဏာအပြုံးများနှင့်
အမြဲတမ်း.........အားပေးတတ်တယ်....
ဘယ်အရာမဆိုမေတ္တာထားလို့....
အပြုံးများနှင့် သွန်သင်ဆုံးမတတ်တဲ့
အနှိုင်းမဲ့ မေတ္တာတော်ရှင် ချစ်မေမေ။
ငြီးငွေ့ ဖို့ကောင်းတဲ့ မလေးမြေထဲ................
ဆန်းကြမ်းထမင်း ချဉ်ရေဟင်းနဲ့
ဇာတ်လိုက်က ကြက်ဥ
မသေရုံတမယ် ဝမ်းရေးကျောင်းရင်း
အမေ့လက်ရာ.....ဟင်းလျာတွေကို
ရင်မှာအမြဲ တမ်းတမိတယ်........အမေ။
အမေ့ မေတ္တာအေးရိပ်ခွာလို့
မလေးမြေထဲ ပူပန်မှုများစွာနဲ့
ကြမ်တမ်းတဲ့ ဘဝလမ်းကိုလျှောက်ခဲ့တာ
ကာလလည်းမနည်းတော့ဘူး......။
အမေ့ အရိပ် ပြန်ချင်စိတ်က
တားမရသော်လည်း အံကိုကြိတ်ရင်း
ရည်မှန်ချက် တွေ ပြည့်တဲ့တစ်နေ့ 
အမေ့အေးရိပ် ပြန်ခိုလှုံဖို့
သားပြန်လာခဲ့ပါ့မယ်
ချစ်မေမေ....................။
အမြဲတမ်း.........အားပေးတတ်တယ်....
ဘယ်အရာမဆိုမေတ္တာထားလို့....
အပြုံးများနှင့် သွန်သင်ဆုံးမတတ်တဲ့
အနှိုင်းမဲ့ မေတ္တာတော်ရှင် ချစ်မေမေ။
ငြီးငွေ့ ဖို့ကောင်းတဲ့ မလေးမြေထဲ................
ဆန်းကြမ်းထမင်း ချဉ်ရေဟင်းနဲ့
ဇာတ်လိုက်က ကြက်ဥ
မသေရုံတမယ် ဝမ်းရေးကျောင်းရင်း
အမေ့လက်ရာ.....ဟင်းလျာတွေကို
ရင်မှာအမြဲ တမ်းတမိတယ်........အမေ။
အမေ့ မေတ္တာအေးရိပ်ခွာလို့
မလေးမြေထဲ ပူပန်မှုများစွာနဲ့
ကြမ်တမ်းတဲ့ ဘဝလမ်းကိုလျှောက်ခဲ့တာ
ကာလလည်းမနည်းတော့ဘူး......။
အမေ့ အရိပ် ပြန်ချင်စိတ်က
တားမရသော်လည်း အံကိုကြိတ်ရင်း
ရည်မှန်ချက် တွေ ပြည့်တဲ့တစ်နေ့ 
အမေ့အေးရိပ် ပြန်ခိုလှုံဖို့
သားပြန်လာခဲ့ပါ့မယ်
ချစ်မေမေ....................။
Tuesday, May 18, 2010
စည်း
အပြုံး မပျက်
လှည့်ထွက်ပြီးမှ
မျက်ရည်စတွေလွင့်ခနဲ
ခြေလှမ်းတွေစတင်ကျောခိုင်းတော့
ခံစားချက်တွေနင့်ခနဲ
သူငယ်ချင်းရေ
စည်းလေးတစ်ခုပါပဲ
ရင်ထဲမှာတော့ ခေါ်သံတွေ
ပဲ့တင်ထပ်မည်ဟီးနေခဲ့တယ်
နင်မသိနိုင်ဘူးသူငယ်ချင်းရာ...........။
လှည့်ထွက်ပြီးမှ
မျက်ရည်စတွေလွင့်ခနဲ
ခြေလှမ်းတွေစတင်ကျောခိုင်းတော့
ခံစားချက်တွေနင့်ခနဲ
သူငယ်ချင်းရေ
စည်းလေးတစ်ခုပါပဲ
ရင်ထဲမှာတော့ ခေါ်သံတွေ
ပဲ့တင်ထပ်မည်ဟီးနေခဲ့တယ်
နင်မသိနိုင်ဘူးသူငယ်ချင်းရာ...........။
Wednesday, May 12, 2010
ဖောက်ထွက်ချင်တဲ့ အဇ္ဈတ္တ
လုပ်ရပ်တွေ ယုတ်ဇာတ်တွေ
အခိုးအငွေ့ တွေ တလူလူနဲ့
အစိမ်းထူထူ မင်းမူနေတဲ့ဘဝမှာ
ကကြိုးကွက် ပြိုးပြိုးပျက်ပျက်
အော့(စ်)ဝစ်ကိုတောင်လွမ်းမိသေးတယ်တကယ်ပါ
မေးလိုက်ချင်တယ်
ပုဆိန်ကိုယ်ထည်ကဘယ်ကလည်း
တူကဘာလည်း
ပေကဘာလည်း
အိုးမည်းသုတ်တာကိုဂုဏ်ယူနေတယ်
(အပ်)ပါစိုက်ပေးလိုက်တော့
သင်တုန်းဓားတွေ သံချေးတတ်သွားတယ်
အခုချိန်ကြွေသွားတဲ့ အသီးအပွင့်တွေကို
ဂုဏ်ယူအားကျနေတယ်
ထွက်ပေါ်လာမယ့် အဖူးအငုံတွေကို
ကြိုလင့်နေတယ်
အများသုးံနေတဲ့ဘဝကို
ကျိုသောက်ခဲ့တာနှစ်ပရိစ္ဆေဒ နှစ်ကျိပ်တောင်ကျော်ခဲ့ပြီ
ဆုပ်လည်းမရ စားလည်းမရမှတော့
မြေကြီးကိုယက်ရင်ထမင်းထွက်တယ်ဆိုတဲ့
ရောင့်ရဲခြင်းဝဲ ဂယက်ထဲက
ရုန်းထွက်လို့
ဖိုးသူတော်တောင်ဝှေးကိုပြန်ရှာကြစိုံ့။ ။သဲထက် ။မင်းလှ
အခိုးအငွေ့ တွေ တလူလူနဲ့
အစိမ်းထူထူ မင်းမူနေတဲ့ဘဝမှာ
ကကြိုးကွက် ပြိုးပြိုးပျက်ပျက်
အော့(စ်)ဝစ်ကိုတောင်လွမ်းမိသေးတယ်တကယ်ပါ
မေးလိုက်ချင်တယ်
ပုဆိန်ကိုယ်ထည်ကဘယ်ကလည်း
တူကဘာလည်း
ပေကဘာလည်း
အိုးမည်းသုတ်တာကိုဂုဏ်ယူနေတယ်
(အပ်)ပါစိုက်ပေးလိုက်တော့
သင်တုန်းဓားတွေ သံချေးတတ်သွားတယ်
အခုချိန်ကြွေသွားတဲ့ အသီးအပွင့်တွေကို
ဂုဏ်ယူအားကျနေတယ်
ထွက်ပေါ်လာမယ့် အဖူးအငုံတွေကို
ကြိုလင့်နေတယ်
အများသုးံနေတဲ့ဘဝကို
ကျိုသောက်ခဲ့တာနှစ်ပရိစ္ဆေဒ နှစ်ကျိပ်တောင်ကျော်ခဲ့ပြီ
ဆုပ်လည်းမရ စားလည်းမရမှတော့
မြေကြီးကိုယက်ရင်ထမင်းထွက်တယ်ဆိုတဲ့
ရောင့်ရဲခြင်းဝဲ ဂယက်ထဲက
ရုန်းထွက်လို့
ဖိုးသူတော်တောင်ဝှေးကိုပြန်ရှာကြစိုံ့။ ။သဲထက် ။မင်းလှ
လမ်းတစ်ကွေ့ ၏ လုတ်
အဖြုထည်ကို
အဖြူအတိုင်းထားဖို့
အဖြူအကြောင်းနားလည်
ဖြူဖြူစင်စင်ပါပဲ
မျက်ဝွန်းတွေနှိပ်စက်
စေတနာတွေနှိပ်စက်
ကူညီမှုတွေနှိပ်စက်
သံယောဇာဉ်ကြိုးတွေခိုင်ခန့်မလိုနဲ့
စိကိုကွန်ထရို(လ်)လုပ်
မနိုင်တဲ့ဝွန်ထမ်းမိတယ်
အရောင်တွေရောယှက်
အဖြူရောင် ပန်းရောင်သန်း
စိတ်ရမ္မက်တွေအတောသတ်ခဲ့
သူ့ မှာရှိတာ (အချစ်)
ကျုပ်မှာရှိတာ(အဖြူရောင်အတု)
အရောင်နှစ်ခုတူပြီး
ကြားလေးဖြတ်တိုက်ပြီး
ဒီလိုနဲ့မသိမသာလေး
ပြန်သိမ်းလိုက်တယ်
အို......အလွမ်းတွေ..............။ ။
အဖြူအတိုင်းထားဖို့
အဖြူအကြောင်းနားလည်
ဖြူဖြူစင်စင်ပါပဲ
မျက်ဝွန်းတွေနှိပ်စက်
စေတနာတွေနှိပ်စက်
ကူညီမှုတွေနှိပ်စက်
သံယောဇာဉ်ကြိုးတွေခိုင်ခန့်မလိုနဲ့
စိကိုကွန်ထရို(လ်)လုပ်
မနိုင်တဲ့ဝွန်ထမ်းမိတယ်
အရောင်တွေရောယှက်
အဖြူရောင် ပန်းရောင်သန်း
စိတ်ရမ္မက်တွေအတောသတ်ခဲ့
သူ့ မှာရှိတာ (အချစ်)
ကျုပ်မှာရှိတာ(အဖြူရောင်အတု)
အရောင်နှစ်ခုတူပြီး
ကြားလေးဖြတ်တိုက်ပြီး
ဒီလိုနဲ့မသိမသာလေး
ပြန်သိမ်းလိုက်တယ်
အို......အလွမ်းတွေ..............။ ။
Monday, May 10, 2010
ဒုက္ခရှာသူ
ဒို့တတွေ
ဖေါ်ကွာစုံဝေးလို့
ပျော်စရာဘုံတွေလည်းပျောက်ခဲ့ရ
နေရာအသစ်မှာရွှေမြန်မာအစြစ်ဟာ
ရင်နာစရာတွေပဲကြားရ..........
ဒုက္ခကိုစည်းစိမ်အဖြစ်ပြောင်း
အိမ်အိုဟောင်းကိုလွမ်းကြ.........
ရေနစ်လို့ကူရှာရာ
သူတို့လည်း ငါ့လို ရေနစ်နေကြ
ခံစားမှုကိုအရောင်ဆိုးလို့
လမ်းတွေ့တဲ့အခါပြုံးကြ
ဖုန်းအစုတ်လေးကိုင်တဲ့ငါ့မှာလဲဒုက္ခ
ဆံပင်ဆေးဆိုး
နားကပ်အမျိုးမျိုးနဲ့
တချို့တွေလည်းရူးကြ
ရှုဖိနပ် စတိုင်ပင်နဲ့ 
အရူးသေနတ် ကိုင်ချင်သူတွေလည်း
ဘဝင်မကျ
ဂျင်းပင်ချက်အောက်
ဒေါက်ဖိနပ်နဲ့
မဒီတွေအတွက်သောက၊
ရယ(်ရီ)စရာတွေဖောက်လို့
ဘီယာတွေသောက်နေတဲ့မင်တို့တွေလည်းပြောမရ
ဂီတလိုလို ကဗျာလိုလိုနဲ့ငါတို့တွေလည်း
အင်တာနတ်ဆိုင်မှာ ပေါကြ
ဒို့လစာမျှော်နေတဲ့ မိသားစုတွေက
ဒုက္ခ
မင်းတို့မှာလည်းမိသားစုတွေရှိကြ
အဲဒီတော့
ဒို့ဘာဆက်လုပ်ကြမလဲဆိုတာ
စဉ်းစားကြ။
ဖေါ်ကွာစုံဝေးလို့
ပျော်စရာဘုံတွေလည်းပျောက်ခဲ့ရ
နေရာအသစ်မှာရွှေမြန်မာအစြစ်ဟာ
ရင်နာစရာတွေပဲကြားရ..........
ဒုက္ခကိုစည်းစိမ်အဖြစ်ပြောင်း
အိမ်အိုဟောင်းကိုလွမ်းကြ.........
ရေနစ်လို့ကူရှာရာ
သူတို့လည်း ငါ့လို ရေနစ်နေကြ
ခံစားမှုကိုအရောင်ဆိုးလို့
လမ်းတွေ့တဲ့အခါပြုံးကြ
ဖုန်းအစုတ်လေးကိုင်တဲ့ငါ့မှာလဲဒုက္ခ
ဆံပင်ဆေးဆိုး
နားကပ်အမျိုးမျိုးနဲ့
တချို့တွေလည်းရူးကြ
ရှုဖိနပ် စတိုင်ပင်နဲ့ 
အရူးသေနတ် ကိုင်ချင်သူတွေလည်း
ဘဝင်မကျ
ဂျင်းပင်ချက်အောက်
ဒေါက်ဖိနပ်နဲ့
မဒီတွေအတွက်သောက၊
ရယ(်ရီ)စရာတွေဖောက်လို့
ဘီယာတွေသောက်နေတဲ့မင်တို့တွေလည်းပြောမရ
ဂီတလိုလို ကဗျာလိုလိုနဲ့ငါတို့တွေလည်း
အင်တာနတ်ဆိုင်မှာ ပေါကြ
ဒို့လစာမျှော်နေတဲ့ မိသားစုတွေက
ဒုက္ခ
မင်းတို့မှာလည်းမိသားစုတွေရှိကြ
အဲဒီတော့
ဒို့ဘာဆက်လုပ်ကြမလဲဆိုတာ
စဉ်းစားကြ။
Tuesday, May 4, 2010
ငါ့ငိုသံတွေဘယ်သူ သိမ်းမယ်...
ရယ်သံတွေကို တိမ်တစ်စလိုလွှင့်ပစ်လိုက်တယ် ငါ့ငိုသံတွေဘယ်သူသိမ်းမလဲ။ လက်ဖဝါးလေးဆုပ်ချည်ဖြန့်ချည်အတောင်ပံတွေကိုမယုံကြည်လို့ကိုယ့်ခြေနင်းလေး ကက္တီဘာမလွှမ်းနိုင်တာကိုပဲပြုံးပြုံးလေးကျေနပ်ရ၊ကိုယ့်ဒဏ်ရာချည်းဖွေရှာလှုပ်ပြနေလို့သင့်တော်ပါ့မလား အသက်တွေကြီးပြီ ဘရုတပ်(စ်)တွေရှိလည်း နောက်ဆုပ်ပေးသင့်ရင်ပေးလိုက် ငါ့ငိုသံတွေ ဘယ်သူသိမလည်း၊ ဒီတော့ကျွန်သေတ္တာကြီးထဲ ပရုတ်လုံးထည့်တဲ့ခေတ်ကကုန်ပြီ ထည်စွပ်ထည်လဲ ခပ်သုပ်သုပ် နည်းပညာတွေ တစ်ဖြောက်ဖြောက်စွေတုန်း ဖုန်းဆိုးမြေရိုင်းလိုအငမ်းမရစုပ်ယူဖို့ ငါတို့ဘယ်လိုဖြန့်ခင်းမယ်........... ငါတို့ဘယ်လိုဖောက်ထွက်မယ်............ငါတို့ဘယ်လို.................အသတ်တွေကြီးပြီ လူပြိန်းကြိုက် ဇာတ်လမ်းတွေ မရိုက်နဲ့တော့ လူပြိန်းကြိုက်သီချင်းတွေမဆိုနှင့်တော့ ငယ်ရွယ်သူတွေအတွက် စိမ့် အိုင်ပေးလိုက်ရအောင်လား အဟာရမဖြစ်တောင်မှ အမောပြေပေါ့။ ။
မင်း ဘာလူမျိုးလည်း
ထွက်ပေါက်မရှိတဲ့ ဂူထဲ ဘယ်သူအရင်ဝင်ခဲ့သလဲ ဇာတ်တူသားစားဖို့ အချိုသာဆုံးစကားလုံးတွေရွေးသုံးခဲ့ ဇာတ်တူသားစားဖို့အလှပဆုံးအပြုံးတွေဖန်ဆင်းခဲ့(အလုပ်တစ်ခုရှာပေးရုံနဲ့)ဘဝတစ်ခုရှုံးရတော့မှာလား ဒါဆိုရင်ရွှေဆိုတဲ့ စကားလုံးကို မင်းဂုဏ်ပုဒ်ထဲထည့်မသုံးနဲ့ ရွှေဆိုတာတစ်မြေတည်းနေတစ်လှေတည်းစီး ရွှေထီးကိုလည်း အတူဆောင်းခဲ့ကြတယ် ဘယ်ခရီးမဆိုအတူသွားခဲ့ကြတယ် အခုတော့ရွှေဆိုတဲ့လက်နက်နဲ့ ထိုးကော် (သန်းခေါင်စာရင်းထဲ)အဖေမပေါ်ပဲမွေးခဲ့တဲ့ကလေးတွေဘယ်နှစ်ယောက်ရှိပြီလဲ ရွှေကိုရွှေချင်းထပ်တာမြတ်ပေမဲ့ ရွှေကို ရွှေကတော့ပြန်မသတ်နဲ့ ရွှေကတော့ပြန်မသတ်နဲ့။
Subscribe to:
Posts (Atom)