Tuesday, June 29, 2010
ဆေးခါး ဒိုင်ရာရီ
ယုံလွယ်သူမဟုတ်ပေမယ့်
ချစ်သူရဲ့နှုတ်ဖျားကထွက်အံကျလာတဲံ့
စကားသံတိုင်းကို
မုသားမဲ့သစ္စာတွေလို
နှလုံးသွင်းရင်း
မင်းရှေ့မှောက်မှာတော့
စေခိုင်းမှုမပါပဲ
ခေါင်းပြုတ်မတတ်ညိမ့်ချင်တတ်တဲံ့
ပုတ်သင်ညိုတကောင်အဖြစ်နဲ့ပေါ့
မင်းရှင်သန်ရာပန်းတိုင်နဲ့
ကိုယ်လျှောက်လှမ်းမယ့်
ခရီးလမ်းမလှမ်းစေဖို့
ဆန္ဒတွေထပ်တူပြုနိုင်အောင်
ကြိုးစားမိခဲ့ပေမယ့်
ကိုယ်တို့ကြားက
မပြေလည်မှုတွေကို
မကြင်နာသူပေးတဲ့လက်ဆောင်
လို့တော့မမှတ်ယူချင်ဘူး
တကယ်ဆို
နှလုံးသားရဲ့ကျဆံုးခန်းတစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
နှောင်ကြိုးကရုန်းဖို့ကြိုးစားတိုငိး
ငါ့လိပ်ပြာက
အိပ်ချင်ယောင်ဆောင်နေတော့
မင်းကမ်းပေးတဲ့
ဆေးခါးတခွက်ကိုလည်း
အမုန်းမဖက်
အချစ်သက်သက်နဲ့
ချိုမြိန်ပစ်ခဲ့ဖူးပါတယ်
ချစ်သူရဲ့နှုတ်ဖျားကထွက်အံကျလာတဲံ့
စကားသံတိုင်းကို
မုသားမဲ့သစ္စာတွေလို
နှလုံးသွင်းရင်း
မင်းရှေ့မှောက်မှာတော့
စေခိုင်းမှုမပါပဲ
ခေါင်းပြုတ်မတတ်ညိမ့်ချင်တတ်တဲံ့
ပုတ်သင်ညိုတကောင်အဖြစ်နဲ့ပေါ့
မင်းရှင်သန်ရာပန်းတိုင်နဲ့
ကိုယ်လျှောက်လှမ်းမယ့်
ခရီးလမ်းမလှမ်းစေဖို့
ဆန္ဒတွေထပ်တူပြုနိုင်အောင်
ကြိုးစားမိခဲ့ပေမယ့်
ကိုယ်တို့ကြားက
မပြေလည်မှုတွေကို
မကြင်နာသူပေးတဲ့လက်ဆောင်
လို့တော့မမှတ်ယူချင်ဘူး
တကယ်ဆို
နှလုံးသားရဲ့ကျဆံုးခန်းတစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
နှောင်ကြိုးကရုန်းဖို့ကြိုးစားတိုငိး
ငါ့လိပ်ပြာက
အိပ်ချင်ယောင်ဆောင်နေတော့
မင်းကမ်းပေးတဲ့
ဆေးခါးတခွက်ကိုလည်း
အမုန်းမဖက်
အချစ်သက်သက်နဲ့
ချိုမြိန်ပစ်ခဲ့ဖူးပါတယ်
အဒေါ်ကြီးယွန်း
အဒေါ်ကြီးယွန်းရေ................
စောင့်နေခဲ့ပါတယ် တစ်နေ့ လုံး
ပေါ်လာလေနိုးနဲ့ပေါ့ ဒါပေမဲ့ လူတွေတာတစ်ယောက်ပြီးတစ်ယောက်ပြန်သွားတယ်
ကျွန်တော့ရဲ့ အဒေါ်ကြီးကတော့ပေါ်မလာခဲ့ပါဘူး.................
အဒေါ်ကြီးယွန်ရေ........
ကျွန်တော့အဖြစ်က အိမ့်မက်ထဲက ကမ္ဘာကို အွန်လိုင်းပေါ်မှာမှရှာမိတဲ့အဖြစ်
နေကောင်းပါစေဗျာ အဒေါ်ကြီးတစ်ယောက်
အိမ်ကမုန့်ဖိုးတွေတောင်းမရဘူးလို့ပဲသဘောထားလိုက်ပါတယ်
အဒေါ်ကြီးရဲ့ တန်ဖိုးရှိတဲ့အချိန်လေးတွေကိုလည်း
ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က ကျွန်တော့လိုကောင်းမျိုးအတွက်နဲ့
အ လ ဟ သ အကုန်မခံပါနဲ့
နောက်နေ့ ဆိုတာတွေ ရှိနေသေးရင် နောက်ဆုံနိုင်ခွင့်ဆိုတာဟာလည်းရှိနိုင်သေးပါတယ်
ဘာပဲပြောပြော ဗျာ အဒေါ်ကြီးကိုတော့ သတိရမိတယ်
ပျော်ရွှင်စရာနေ့ရက်လေးတွေ
ထာဝရ ပိုင်ဆိုင်နိုင်ပါစေ လို့
ဆုတောင်းပါတယ်. ။ ။

သုံးရာသီ အလွမ်း
ငွေနှင်းရယ်မှုံ လေညှင်းရယ် တစ်သုံသုံ နဲ့
ခြေတုန်အောင်း ချမ်းမြတဲ့ဆောင်း
အတိတ်ကြောင်း ကကျန် မပေါင်းရကံရယ်.......
ဖန်လာပြန်သလေး ဩော.်..... သူနှစ်ကိုဝေးခဲ့ရပြီ ။
လူချင်းမဆုံတောင် သူယုံအောင်ပြောပေးပါလား
ရွှေကျေးတမာရယ်........ ။
ဝဿန်ချိန်ဦး ညွှတ်နူး ဝေဟင် ဂေါ်သဇင်နဲ့
လေအလျင် လွှဲရာ ကိုယ့်အသဲညှာ ပါမတတ်
ဩော် တရစပ် ကြွေလေပြီ.......
လူချင်းမဆုံတောင် သူယုံအောင်ပြောပေးပါလား
ရွှေကျေးတမာရယ်............။
ခါနွေချိန်ရောက် လာ ပိတောက်ဝါတို့ သစ္စာပျက်တော်
မဖျက်နော် အကြင်နာလမ်း
အချစ်ဆန်းလို့ယုံ ကြုံတာကြုံ မဆုံဖြစ်ခဲ့ကြ..။
ဩော် ပုံပြင်လေးသမျှ ဖြစ်ခဲ့ရပြီ.........
လူချင်းမဆုံတောင် သူယုံအောင်ပြောပေးပါလား
ရွှေကျေးတမာရယ်..........။
နွေသီးခေါင်

တမ်းတမိတဲ့သူ
ချစ်ပန်းအလှ မေကညှာရယ်........
ဆန်းလှနေရှာမယ် မှန်းဆဖွေရှာ မရေရာ
တစ်နေရာမှာကြုံလင့် ဂုဏ်မြင့်သူရယ်
ထယ်ဝါ ဂုဏ်မြင့် မျိုးမြင့်မြတ်နွယ်
ဆယ်ကမ္ဘာကုန် ယုံကွာဒီအချစ်
မှန်စစ်ပါတယ်
တမ်းတသသ နွေကမ္ဘာလယ်
လွမ်းတစ်ည တစ်ည
ကုဋ္ဋေ ကုဋ္ဋာကွယ်
တမ်းတနေပါတယ် ငယ်ချစ်ဦးရယ်.......။ ။
နွေသီးခေါင် ။
ဆန်းလှနေရှာမယ် မှန်းဆဖွေရှာ မရေရာ
တစ်နေရာမှာကြုံလင့် ဂုဏ်မြင့်သူရယ်
ထယ်ဝါ ဂုဏ်မြင့် မျိုးမြင့်မြတ်နွယ်
ဆယ်ကမ္ဘာကုန် ယုံကွာဒီအချစ်
မှန်စစ်ပါတယ်
တမ်းတသသ နွေကမ္ဘာလယ်
လွမ်းတစ်ည တစ်ည
ကုဋ္ဋေ ကုဋ္ဋာကွယ်
တမ်းတနေပါတယ် ငယ်ချစ်ဦးရယ်.......။ ။
နွေသီးခေါင် ။
ငြင်းအားမဲ့ရင်ခွင်
ဒီပါးပြင်က မျက်ရည်စတွေ..
ငွေလရောင်လို အေးစေမယ်................
ဒီရင်ဘက်က နာကျင်မယ်ဆို
ဒါဏ်ရာတွေ လို့ ကင်မွန်းမတပ်ချင်ဘူး...
ဒီနေရာက ရှေ့ မဆက်နဲ့ဆို.......
ခြေတစ်လှမ်းတောင် မပြင်ဘူး........
ဒီနှစ်လုံးသားအလို တန်ပြန်ချင်းကို
ဖန်လာရင်လည်း မမျှော်လင့်ဘူး
ဒီဒုက္ခတွေ ပျားရည်ဆမ်းလို့
အနမ်းချွေဆို ပြေစေမယ်
ဒီဘဝလမ်း နွေခရီကြမ်းဆို
ရေခမ်းငါးလို အားအသေဘူး
ဒီတပ်မက်မှု အဆုံးစွန်းမှာ ငါ
ရိုးရိုးလေးတာချစ်နေမယ်...............။ ။
နွေသီးခေါင်။

Monday, June 28, 2010
Saturday, June 19, 2010
ကြယ်ကြွေတဲ့ည
ခေါင်းအုံးပေါ် မေးထောက်
စာအုပ်ပေါ် လက်တင်လို့
မိန်းကလေးတစ်ယောက်ဆီ ရေးပေးတဲ့စာဟာလည်း
ဒါဟာ ပထမဆုံးပါပဲ..........။
ဒီစာလေးမင်းဖတ်နေတဲ့ အချိန်ဟာ
နေ့ ခင်းလေးဖြစ်နေရင်တောင်....
ငါရေးခဲ့တာက မင်းအိပ်စက်နေတဲ့
အချိန်မျိုးလေးမှာပါ .....
ပြူတင်းပေါက် က တိုးဝင်လာတဲ့
လေးမြတဲ့လရောင်လေး
ဩော်.............ကောင်းကင်မှာတောင်
စန္ဒာမင်းသမီးလေး နဲ့ ငွေကြယ်လေးတွေတောင်
စုံလင်လို့နေပြီ......။
ငါ့အတွက်တော့
ဒီလိုကြယ်စုံတဲ့ ညမျိုးလေးမှာတောင်
အထီးကျန်ဆန်လွန်းတယ်
ကြယ်စုံတဲ့ ညဆိုတာဟာလည်း
ချစ်သူနဲ့ ဘေးချင်းကပ်ပြီး
သီချင်းလေးတိုးတိုး ညီးရင်း
ကြယ်လေးတွေကြွေတာကို ကြည့်ပြီး
နှစ်ကို သူ တောင်းဆုလေးတွေ ခြွေမှသာယာမှာလေ.....
အခုလိုညမျိုးမှာ ကြယ်ကြွေတာကိုမင်းမြင်လည်း
ငါကြွေတာကိုတော့
မင်းမမြင်ဘူး မိန်းကလေးရေ..................။
အခုလို ကြယ်စုံတဲ့ ညမျိုးလေးမှာ
မင်းနဲ့ နှစ်ကိုတူ တောင်းဆုလေးတွေခြွေရင်း
ကြယ်စုံတဲ့ညလေးတစ်ညတော့လိုချင်မိတယ်
မိန်းကလေးရေ............။

Friday, June 18, 2010
နာမည်ပြောင်းကောင်းလိုက်ပုံက
ကျွန်တော်တို့ ရွှေနိုင်ငံရဲ့
တစ်ချို့ မြို့ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တီး ကပေါက်ချာ နိုင်တာပါ။
ဥပမာ ပြွန်တန်ဆာရွာ တဲ့ နောက်ဂွေးချို တဲ့
အဲ ကျွန်တော်ရောက်ဖူးတဲ့ ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ။
အဲဒီလိုပဲ ဘာကြောင့် ဘယ်လိုမှည့်ခေါ်ထားတယ်ဆိုတဲ့တမိုင်းကြောင်းတော့ အတိအကျ မသိပါဘူး ။
ထားပါတော့လေ အခုကျွန်တော် ရောက်ဖူးတဲ့ ရွာတစ်ရွာ အကြောင်းလေး
ပြောပြချင်လို့ပါ...
ရွာနာမည်က ဂွေးကြီးရွာတဲ့ ။
ရပ်ရွာထုံးစံပေါ့ဗျာ ရွာဦးထိပ်မှာ
ကျောင်းလေးဆောက် ဘုန်းတော်ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ
ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ လိုက်ခေါ်လေ့
ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်စရာ မလိုပဲ
ဂွေးကြီးဆရာတော်ရယ်လို့ နာမည်တွင်တာပေါ့
ကျောင်းထိုင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့ အခေါ်ခံရဖန်များလာတော
ရှက်စိတ်လေးဝင်ပြီး အကြံထုပ်တာပေါ့လေ မဖြစ်ချေဘူး............ငါတော့ ဒီနာမည်ကြီး
ပျောက်အောင် တစ်ခုခုတော့လုပ်မှာပေါ့လေ..။
ဒါနဲ့ ကုသိုလ်လည်းရ နာမည်းလည်းလှအောင် စေတီလေးတစ်ဆူတည်မယ်ပေါ့
ဒီလိုနဲ့ ကိုးတောင်ပြည့် စေတီလေးတည်ပြီးတဲ့နောက် တော့
မှန်းချက်နဲ့ နှမ်းထွက်မကိုက်ဖြစ်ရပါတော့တယ်။
စေတီတည်ပြီးကာမှ ဆရာတော်ရဲ့နာမည် သစ်လေးက ပိုလို့ဝေစည်သွားတော့တယ်။
ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် တဲ့..။
ဇာတ်လမ်းကမပြီးသေးဘူး ဗျ ......
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင် ရေစက်ချအပြီး မဲဖောက်လို့ လှူ ကြ
တာကိုး။
အစ်ီအစဉ်ကြေညာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့ အော်တာလေ
မြောက်ကျောင်းဆရာတော် အဒေသာပင် ၁၀၀၀ ပါဘုရား.............
တောင်ဖီလာဆရာတော် ကြာသင်္ကန်း ပါဘုရား....................ပေါ့လေ
အလှည့်ကျ အော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်းအလှူခံရတာ
ကိုးတောင်ပြည့်ဆရာတော်အလှည့်ရောက်လာပါပြီ
အစီအစဉ်ကြေညာတဲ့ လူကလည်း ပေါက်တဲ့မဲကို ဖွင့်ပြီး
အခုလို ကြေငြာလိုက်တယ်
ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား.........။
ကဲကောင်းရော
ဆရာတော်လည်း စိတ်ကမထိန်းနိုင်တော့ဘူးလေ........
ဘာကွ လို့ အကျယ်ကြီးပြန်အော်လိုက်တယ်
ဟိုကပြန်ပြင် အော်တယ် နှာရှူဘူး မဲပေါက်တာပါ ဘုရားတဲ့ ဆရာတော်လည်း
အဲဒီကျမှဟင်းရယ်လို့ သက်ပြင်းခိုးချလို့ ပြန်ကြွသွားလေတော့ သတဲ့
ပြတိုက်

Thursday, June 17, 2010
ချောကလက်မြို့တော်နှင့်အမှတ်တရများစွာ
ချောကလက်ဆိုတဲ့ မြို့တော်ကြီးမှာ
မင်းနဲ့ တွေ့ တိုင်းရင်ခုန်သံတွေရဲ့ ထိုးနှက်မှုတွေက
ငါ့ရင်မှာ နာကျင်နေပြီ.....။
မိုးတိမ်တွေလို လွင့်ပါးနေတဲ့
အွန်လိုင်းပေါ်မှာဆိုတဲ့စိုးရွံ့  မှုတွေက
ငါ့ကို အနိုင်ယူနေပြီ....။
အွန်လိုင်းပေါ်မှာ မင်းနဲ့မတွေ့ ရတဲ့ အချိန်တွေဆို....
ငါ့ရဲ့အထီးကျန်ဆန်တဲ့ဝေဒနာတွေကို
ကုစားဖို့ မင်းပေးခဲ့တဲ့
ကွန်မန့် လေးတွေကိုပဲအဖေါ်ပြုရင်းဒဏ်ရာတွေက
အသစ်တွေပြန်ပြန်ဖြစ်လာတယ်......။
ငါ့ရဲ့နှလုံးသားထဲမှာ ဖျောက်ဖျက်ဖို့
မစွမ်းနိုင်တဲ့မင်းပုံရိပ်တွေကငါ့ကို စိုးမိုးထားတယ်........။
ငါ့ကိုညှို့ ယူ ဖန်းစားနိုင်တဲ့
VZO
ထဲကမင်းရဲ့ အကြည့်လေးတစ်ချက်က
ငါ့အိမ်မက် တွေထဲအထိ ပိုင်စိုးလို့နေပြီ....။
ငါ့ရဲ့ အရာရာတိုင်းကို
မင်းရဲ့ မျက်ဝန်းလေးကပေးစွမ်းမည့်အားသစ်တွေနဲ့..........
ထာဝရာ ရှင်သန် သွားချင်မိတယ်
ချောကလက် မြို့ သူ
မျက်ဝန်းပိုင်ရှင်လေးရယ်.........။
မျက်ဝန်းလေး..........
မင်းနဲ့ တွေ့ တိုင်း
ရင်ခုန်သံတွေရဲ့ ထိုးနှက်မှုတွေက
ငါ့ရင်မှာ နာကျင်နေပြီ.....။
မိုးတိမ်တွေလို လွင့်ပါးနေတဲ့
စိုးရွံ့  မှုတွေက ငါ့ကို အနိုင်ယူနေပြီ....။
ငါ့ရဲ့အထီးကျန်ဆန်တဲ့
ဝေဒနာတွေကို ကုစားဖို့
ဒဏ်ရာတွေက အသစ်တွေပြန်ပြန်ဖြစ်လာတယ်......။
ငါ့ရဲ့နှလုံးသားထဲမှာ ဖျောက်ဖျက်ဖို့ မစွမ်းနိုင်တဲ့
မင်းပုံရိပ်တွေက
ငါ့ကို စိုးမိုးထားတယ်........။
ငါ့ကိုညှို့ ယူ ဖန်းစားနိုင်တဲ့
မင်းရဲ့ အကြည့်လေးတစ်ချက်က
ငါ့အိမ်မက် တွေထဲအထိ ပိုင်စိုးလို့နေပြီ....။
ငါ့ရဲ့ အရာရာတိုင်းကို မင်းရဲ့ မျက်ဝန်းလေးကပေးစွမ်းမည့်
အားသစ်တွေနဲ့..........

Tuesday, June 15, 2010
တဆစ်ဆစ်နာကျင်ကိုက်ခဲနေပြီး မူးဝေနောက်ကျိနေတဲ့ခေါင်းကို
ဘယ်ညာခါရမ်းလိုက်ပြီး မျက်လုံးတွေကို အတင်းအမ္ဓှဆွဲဖွင့်လိုက်တယ်
အသက်က်ုခပ်ပြင်းပြင်းရှူရှိုက်လိုက်တဲ့ အခိုက်မှာ ဆီအုန်းပင်တွေကြားထဲက ဖြတ်တိုက်လာတဲ့လေနုအေးလေးကို ကျေးဇူးတင်လိုက်မိတယ်
အရုပ်ကြိုးပြတ် ဖြစ်နေတဲ့ ခန္ဓာကိုတစ်ခုလုံး ကို ပေါ့ပါးသွက်လက် လန်းဆန်းလာစေ ဖို့ က
ဒီအချိန်မှာလေတစ်ခုကိုပဲအားကိုး အားထားပြုလို့ရမယ်လေ....။
တကယ်ဆို ဒီလိုမျိုး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ခွေးပြေးဝက်ပြေး ပြေးရတဲ့ ဘဝမျိုး ယောင်လို့တောင်
စိတ်မကူးမိခဲ့ဘူး
အမိမြန်မာပြည်ကနေထွက်လာခါစ လေယာဉ်ပျံကြီးပေါ်တက်ကတည်းက
ဘဝအတွက်ရည်ရွယ်ချက်တွေ ရည်မှန်းချက်တွေ အကောင်အထည်ဖေါ်ဖို့ဆိုတဲ့ ဆန္ဒတစ်ခုတည်းနဲ့ ဒီမလေးရှားကို ငါလာခဲ့တာလို့ ကိုယ့်ကိုယ်ကို အမြဲ ဆော်ဩနေခဲ့တာ
အခုတော့ခဲလေသမျှ သဲရေကျဖြစ်ခဲ့ရပြီ ခုဆိုကြည့်လေ ဘေးပတ်ချာလည်မှာ တောတွေတောင်တွေ
ဆီအုန်းပင်တွေကလွဲလို့ ငှက်တစ်ကောင်တောင်မှမတွေ့ ရဘူး ဟိုးအဝေးက ချွဲချွဲ ပြစ်ပြစ် အော်မြည်နေတဲ့ ဥဩသံကလည်းလွမ်းမောဖွယ်ရာဆိုတာထက်
ရင်နင့်စရာကောင်းလှတယ်.................. အပေါင်းအသင်းတွေလည်းပြေးရင်းလွှားရင်း
ဘယ်ဆီရောက်ကုန်မှန်းမသိတော့ဘူး
တကယ့်တကယ်အရေးကြုံတော့လည်း ကိုယ့်အသက်ထက် ရှိတာမှတ်လို့
ဘယ်သူမပြု မိမိ မှုတဲ့ အေး၈ျင့်ကောလင်းနဲ့လာခဲ့ကြတဲ့ကျွန်တော်တို့မှာအပြစ်ရှိတယ်
ကွာလာလမ်ပူလေဆိပ်ကနေ
အေးဂျင့်ရဲ့ကားနဲ့ ဘယ်ဆီဘယ်ဝယ်မှန်းမသိ ရောက်မယ်ရောက်တော့ ဂျိုးဟိုးပြည်နယ်ရဲ့
တောင်ဘက်အစွန်းပိုင်းမှာရှိတဲ့ (စီနိုင်းတဲ့) တောမြို့လေးတစ်မြို့ရဲ့ အဖျားအနားကျတဲ့
ရက်ကွက်လေးတစ်ခုလိုပဲ အလုပ်သမားတွေနေတဲ့တစ်ထပ်တိုက်တွေ
တ၁၇ုတ်လူမျိုး တချို့ တလေနဲ့ အိန္ဒိယလူမျိုးတွေ နေကြတယ် လူနေအဆောက်အုံတွေရဲ့ နောက်ကျောဘက်မှာရှိတဲ့ ဆီအုန်းတောကြီးကိုတွေ့ တာနဲ့တင် ကမ္ဘာ့ စားအုန်းဆီ အများဆုံးထုပ်လုတ်တဲ့နိုင်ငံ ဆိုတာသိနိုင်သလို ခေတ်မကောင်းခင်ကာလ အိန္ဒိယ လူမျိုး လူဆိုးသူခိုး တွေ ရဲ့
ကျက်စားရာနယ်မြေဆိုတာကိုလည်းသိနိုင်တယ်................
တစ်နိုင်ငံမှာ လူဦးရေ ၁၆ သန်းရှိတဲ့အထဲက ၆.၉% ရာခိုင်နှုန်းသာ အိန္ဒိယလူမျိုးဆိုပေမဲ့ ကျွန်တော်တို့ရောက်နေတဲ့ စီနိုင်း မှာတင် ကိုပဲ ၆.၉%ရာခိုင်းနှုန်းကျော်နေပြီထင်မိတယ်
မလေးရှာနိုင် ငံ မှာ အိုဘာစတေး နေထိုင်သူများအတွက် အော်ဘရာစီကြောက်စရာအကောင်းဆုံးဖြစ်သလို ကျွန်တော်တို့လို အေးဂျင့်ကောလင်း တို့ စက်ရုံကောလင်းတို့လို့ လာတဲ့လူးတွေအတွက်တော့ ကြောက်စရာအကောင်းဆုံက အိန္ဒိယ လူမျုးတွေပဲ
ကြာရိုးကြာစွယ်ကိုကြည့်ရုံနဲ့ ရေရဲ့ အတိမ်အနက် ကို သိနိုင်သလို ကျွန်တော်တို့ကိုမြင်တာနဲ့
နိုင်ငံရပ်ခြားကနေ အလုပ်လာလုပ်တဲ့ သကောင့်သားတွေမှန်း အိန္ဒိယလူမျိုးတွေ အတပ်သိတယ်
သိဆို မလေးရှားနိုင်ငံ လွပ်လက်ရေးမရခင်း ၁၉၅၇ ခုနှစ်လောက်ကထဲက မြန်မာလူမျိုး အလုပ်သမားတွေ
ကူးချည်သန်းချည်လုပ်နေခဲ့ကြတာတဲ့.........။
ကျွန်တော်တို့ အတွက် အကြီးမားဆုံး အန္တရယ်ကတော့ အိန္ဒိယ လူမျိုးတွေပဲ
ကျွန်တော်တို့ က သူတို့ကို မန်ကျည်းသီးတွေလို့ခေါ်တယ်
အဲဒီနာမည်ကို ဘယ်သူပေးတာလည်းလို့မေးရင်တော့ မလေးရှားကိုဘယ်သူအရင်သွားတာလည်းလို့ပြန်မေ
ရမှာပဲ လစာထုပ်ရက်တွေ လူပြတ်တဲ့ နေ့ လယ်ခင်းပိုင်းတွေ ညဘက်တွေဆိုရင် နှစ်ယောက် သုံးယောက်လောက် နဲ့အပြင်ကို မထွက်ရဲဘူး ။
ပါတာပေးရင်ပေး မပေးရင် လူကိုရိုက်မယ် တောင်ပန်လို့လည်းမရသလို ....ခုခံလို့လည်းမရဘူး
အဲသည်လို ခိုးဆိုးလုယက် ရိုက်နှက်နေတဲ့ မန်ကျည်းသီးတွေရဲ့ လေးစားသမှု ကို ခံနေရတာ
ကျွန်တော်တို့ရဲ့ အချစ်တော်ကြီး အေးဂျင့် ။
အလုပ်သမားတွေ အပေါ် ဖိနှိပ်လွန်းအားကြီးလို့

Monday, June 14, 2010
Tuesday, June 8, 2010
Subscribe to:
Posts (Atom)