Monday, April 5, 2010
မလေးရှားတဲ့...သူငယ်ချင်းတို့
ရှေးရှေတုန်းကတော့.......နယ်ချဲ့တွေက ကျွန်ပြုဖို့ကျွန်တော်တို့ဆီကိုလာတယ် ။ ဒီဘက်ခေတ်မှာတော့ကျွန်ခံဖို့ကျွန်တော်တို့ကိုယ်တိုင်ခရီးထွက်ရတယ်။လူဖြစ်ပေမဲ့ရွေးပိုင်ခွင့်ကမရှိခဲ့ဘူးအမေရယ်..ကျွန်တော့အဖြစ်ကအိမ်မက်ထဲကမ္ဘာကိုကျွန်ရွာမှာမှသွားရှာမိတဲ့အဖြစ်....။သေရင်မြေကြီးဆိုတာတော့မှန်ပါတယ်...ရှင်ရင်တော့မစို့တမို့ငွေလေးက.....ကျွန်တော်တို့အတွက်ရွှေထီးပေါ့.......တရွာပြောင်းပေမဲ့သူကောင်းတော့မဖြစ်ခဲ့ပါဘူး.ကျွန်ပဲဖြစ်ခဲ့တယ် ကြောက်ရင်လွဲရဲရင်မင်းဖြစ်သတဲ့...။ကျွန်တော်အမေနှင့်ညီမလေးတွေအတွက်ရဲခဲ့ပါတယ်။........ကျွန်ပဲဖြစ်နေတယ်...အမေရေ..။ကျွန်တော့ရဲ့ရဲရင့်မှုတွေကနေရာလွဲခဲ့လို့လား.......။..........ကိုယ့်အခွင့်အရေးကိုသိဖို့နေနေသာသာ..တစ်ချို့ သူငယ်ချင်းတွေဆို ကိုယ့်အသက်ဘယ်လောက်ရှိမှန်းတောင်မသိရှာဘူး........တစ်ချို့ကလေးတွေဆိုမြန်မာနာမည်တောင်မရှိရှာဘူး.........။အမေပြောတော့အလုပ်လုပ်ရင်းကြီးပွားမယ်ဆို....မဟုပ်ဖူးအမေရေမဟုပ်ဖူး..မှာတော့အလုပ်လုပ်လေလေပိုခိုင်းလေလေပဲအမေရေ...သူတို့မှာလူအချင်းချင်းဆိုတဲ့အသိမရှိဘူး..။............ကျွန်တော်လည်းအစကတော့ချစ်သူရဲ့မျက်နှာသုတ်ပုဝါတစ်ထည်လောက်ဖြစ်ဖို့မှန်းပြီးထွက်ခဲ့တာပေါ့။အခုဖြစ်လာတာကအားလုံးရဲ့ခြေသုတ်ပုဆိုးမရှိသေးတဲ့အစွယ်တောင်ကျိုးခဲ့ပြီအမေရယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment