Tuesday, June 29, 2010
ဆေးခါး ဒိုင်ရာရီ
ယုံလွယ်သူမဟုတ်ပေမယ့်
ချစ်သူရဲ့နှုတ်ဖျားကထွက်အံကျလာတဲံ့
စကားသံတိုင်းကို
မုသားမဲ့သစ္စာတွေလို
နှလုံးသွင်းရင်း
မင်းရှေ့မှောက်မှာတော့
စေခိုင်းမှုမပါပဲ
ခေါင်းပြုတ်မတတ်ညိမ့်ချင်တတ်တဲံ့
ပုတ်သင်ညိုတကောင်အဖြစ်နဲ့ပေါ့
မင်းရှင်သန်ရာပန်းတိုင်နဲ့
ကိုယ်လျှောက်လှမ်းမယ့်
ခရီးလမ်းမလှမ်းစေဖို့
ဆန္ဒတွေထပ်တူပြုနိုင်အောင်
ကြိုးစားမိခဲ့ပေမယ့်
ကိုယ်တို့ကြားက
မပြေလည်မှုတွေကို
မကြင်နာသူပေးတဲ့လက်ဆောင်
လို့တော့မမှတ်ယူချင်ဘူး
တကယ်ဆို
နှလုံးသားရဲ့ကျဆံုးခန်းတစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
နှောင်ကြိုးကရုန်းဖို့ကြိုးစားတိုငိး
ငါ့လိပ်ပြာက
အိပ်ချင်ယောင်ဆောင်နေတော့
မင်းကမ်းပေးတဲ့
ဆေးခါးတခွက်ကိုလည်း
အမုန်းမဖက်
အချစ်သက်သက်နဲ့
ချိုမြိန်ပစ်ခဲ့ဖူးပါတယ်
ချစ်သူရဲ့နှုတ်ဖျားကထွက်အံကျလာတဲံ့
စကားသံတိုင်းကို
မုသားမဲ့သစ္စာတွေလို
နှလုံးသွင်းရင်း
မင်းရှေ့မှောက်မှာတော့
စေခိုင်းမှုမပါပဲ
ခေါင်းပြုတ်မတတ်ညိမ့်ချင်တတ်တဲံ့
ပုတ်သင်ညိုတကောင်အဖြစ်နဲ့ပေါ့
မင်းရှင်သန်ရာပန်းတိုင်နဲ့
ကိုယ်လျှောက်လှမ်းမယ့်
ခရီးလမ်းမလှမ်းစေဖို့
ဆန္ဒတွေထပ်တူပြုနိုင်အောင်
ကြိုးစားမိခဲ့ပေမယ့်
ကိုယ်တို့ကြားက
မပြေလည်မှုတွေကို
မကြင်နာသူပေးတဲ့လက်ဆောင်
လို့တော့မမှတ်ယူချင်ဘူး
တကယ်ဆို
နှလုံးသားရဲ့ကျဆံုးခန်းတစ်ခု
ဖြစ်ခဲ့မယ်ဆိုရင်တောင်မှ
နှောင်ကြိုးကရုန်းဖို့ကြိုးစားတိုငိး
ငါ့လိပ်ပြာက
အိပ်ချင်ယောင်ဆောင်နေတော့
မင်းကမ်းပေးတဲ့
ဆေးခါးတခွက်ကိုလည်း
အမုန်းမဖက်
အချစ်သက်သက်နဲ့
ချိုမြိန်ပစ်ခဲ့ဖူးပါတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment