Monday, September 27, 2010
ရွက်ကျပင်ကလေးများ
ရွက်ကျပင်ကလေးလည်း အရွက်ကျရာအပင်ပေါက်တတ်တယ်
သို့သော်အရောင်အဆင်းမပြောင်းလဲ ပုံသဏ္ဌန်မပြောင်လဲ
မျိုးရိုး ဗီဇမပြောင်းလဲပါ ဩော်တို့မြန်မာတွေအလား....................။
သမုဒ္ဒရာဝမ်းတစ်ထွာဆိုလားဘာဆိုလား စာရေးသူတို့ရင်းနီးပြီးသား
စကားပုံအဟောင်းကြီးကိုပဲ အပ်ကြောင်းထပ်မီပြန်ပါပြီ.......
ပျော်ရာမှာမနေ တော်ရာမှာငွေရှာကြရင်း အမိမြေနဲ့ မိုင်းပေါင်းဝေးကွာ
ကမ္ဘာ့နေရာအသီးသီးမှာ ကျင်လည်ကျက်စားကြပြီး အချိန်တွေကိုတိုက်စားနေကြတဲ့
မြန်မာပြည်ဘွားများ သယံဇာတ ကြွယ်ဝချမ်းသာပြီးနိုင်ငံတော်ဆင်းရဲနုံခြာလှတဲ့ ငါတို့ရွှေနိုင်ငံရဲ့
သားကောာင်းရတနာများ အဖြစ်ပေါ့.............။
ဒီလိုဒီလို ရောက်ရာမှာနေကြုံရာကိုစား ကြုံရာရေသောက်လည်း
မြန်မာမျိုးတော့မဖောက်စေချင် ယဉ်ကျေးမှုတွေလည်းမပျောက်စေချင်ပါ
စာရေးသူဒီနေရာမှာမြန်မာဟုဆိုရာ၌ ကချင် ၊ ကယား၊ ကရင် ၊ချင်း ၊မွန်၊ရခိုင် ၊ ရှမ်း နဲ့ ဗမာ
စတဲ့လူမျိုးများနဲ့အတူ လူမျိုး ခွဲငယ်ပေါင်း (၁၀၀)ဝန်းကျင်နဲ့ဖွဲ့ စည်းထားသော မြန်မာလူမျိုးများ
တစ်ပြည်တည်းနေ တစ်ရေထဲသောက် တစ်လှေတည်းစီး တစ်ခရီးတည်းသွား ကြရတဲ့
မြန်မာ့နွယ်ဘွား သားချင်းများကိုဆိုလိုရင်းသာဖြစ်ပါတယ် ။
မြန်မာအချင်းချင်း ဘာသာ အယူဝါဒကွဲအစွဲ လူမျိုး ကွဲ အစွဲ တွေ နဲ့ ပဲတိုင်းတစ်ပါးမှာတောင်
တစ်သွေးတည်း တစ်သားတည်းမကျနိုင်သေးတဲ့ခေတ်တွေလည်း နိဂုံးချုပ်သင့်ပေပြီ။
ကမ္ဘာ့လူမျိုးကြီးနိုင်ငံကြီးစာရင်းဝင်တရုတ်နိုင်ငွသည်ပင်လျှင် ၄င်းတို့ပြည်တွင်းသာမက
ကမ္ဘာ့နေရာအသီးသီးရှိ တရုတ်လူမျိုးများအထိ ဘာသာစကား စာပေ ယဉ်ကျေးမှုတို့
တစ်သွေးတည်း တစ်ထပ်တည်းကျအောင်ဆောင်ရွက်နေသည်မှာလည်း
အတော်အတန်အောင်မြင်နေပြီဖြစ်ပါတယ်.။
ဒါဟာစည်းလုံမှုအာနည်းတဲ့မြန်မာတို့အတွက် အတုယူစရာပါ
အမိမြေနဲ့အဝေးမှာ သားတကွဲ မယားတကွဲ အမိနဲ့ ခွဲ အဖနဲ့ စွန့်ခွာပြီး`
ရေကြည်ရာမြက်နုရှာကြရတဲ့ ငါတို့မြန်မာတွေ နွားကွဲသော်လည်း ကျားမဆွဲစေချင်ပါ......။
အခုဒီမြေမှာတင်ပဲ မြန်မာအချင်းချင်း လုယက် တိုက်ခိုက် တာတွေ ဖြတ်စားနှပ်စားလုပ်တာတွေ
အသက်သေသည်အထိရိုက်နှက်သတ်ပုတ်တာတွေ သတ်မှုဖြတ်မှုတွေကို သတင်းဂျာနယ်တွေနဲ့
အင်တာနတ်သတင်းစာမျက်နှာတွေပေါ်မှာတစ်မျိုး ကိုယ်တွေ့ ဖြစ်ရက်တွေကတစ်ဖုံ
ကြုံရမြင်ရကြားသိရတော့လည်း ကျွတ် ....ကျွတ် ....ကျွတ်..........ဟုတစ်ယောက်တည်းမြည်တမ်းနေမိပါတော့တယ်.........။
တိုင်းတစ်ပါး၌ မြန်မာချင်းမှမကာကွယ်ရင်မကူညီရင် ဘယ်သူတွေကာကွယ်ကူညီကြမှာပါလိမ့်
တိုင်းတစ်ပါး၌ ငါတို့ဘာသာ စာပေယဉ်ကျေးမှုတွေ မြန်မာချင်းမှမထိန်းသိမ်းရင်
ဘယ်သူတွေထိန်းသိမ်းကြမှာပါလိမ့် ဖြစ်မှဖြစ်ကြရလေခြင်း ကိုမျိုး ချစ် မမျိုး ချစ်တို့ရယ်.........
ဟိုတစ်လောလေးကကိုတွေ့  စာရေးသူတို့ဇာတိဘက်က လူငယ်တစ်ဦး
အကြောင်းကစိတ်မကောင်းစရာပါ............။
အမိုးမျက်နှာကျက် လုပ်ငန်းတစ်ခုအတွင်း ဆားဗစ် အတော်အတန်ရှိတဲ့သူမှို
မြန်မာအချင်းချင်းမနာလိုဖြစ်တာကြောင့် စကားအခြေအတင်းများရာကနောက်
ခြောင်းမြောင်းပြီး အရိုက်ခံရသတဲ့
ဆေးရုံပေါ် လေးငါးရက် မကမေ့မျောနေပြီးမှ သတိရလာတဲ့ ( ဘိုဗာစတေး)သူ့ကို
စာရေးသူနှင့်အတူ တစ်နယ်တည်းသားများကပဲ ငွေအားလူအားဝိုင်းဝန်းကူညီပြီး
မြန်မာပြည်ကိုပြန်ပို့ပေးခဲ့ကြရပါတယ် ကံကောင်းထောက်မ၍သေမင်းက
လက်မခံလိုက်သော်လည်း ကိုယ့်ကိုယ်ကိုတောင် မရွှေ့ လျှားနိုင်တဲ့ဘဝပါ
အနာဂတ်စိတ်ကူးအိမ့်မက်တွေအပြည့်နဲ့ အညွှန့် သစ်ကူတော်လေးလေးတစ်ဦးရဲ့အိမ်အပြန်
လမ်းဟာ သူထင်ထားခဲ့သလို မလှပခဲ့သလို
သူ့ကိုယ်သူတောင် နာမည်ဘယ်သူဘယ်ဝါရယ်လို့ မသိရှာတော့တဲ့အဖြစ်........
ကျွန်တော်သတိမထားမိလိုက်ချိန်မှာပဲ ကျွန်တော့ပါးစပ်ဖျားမှ . တောက်. ခေါက်သံများပဲ့တင်ထပ်လေရဲ့
ကမ္ဘာမှာမြန်မာသွေးရဲလိုက်လေချင်း တန်ဖိုးရှိတဲ့သတ္တိတွေ တလွဲ၌ အ လ ဟ သတ်
သုံတတ်ကြလေခြင်းရယ်ပေါ့.....................။
တကယ်တော့ ကျွန်ုပ်တို့ အမျိုးကိုစောင့်ရှောက်ခြင်းဟာ သူတော်ကောင်းတရားဖြစ်လို
ဘာသာ ၊ စာပေ၊ ယဉ်ကျေးမှုတို့ကို ထိန်းသိမ်းခြင်းဟာလည်း မင်္ဂလာတစ်ပါးပါ ၊
သမိုင်းပေးတာဝန် တစ်ရပ်ဖြစ်ပေသတဲ့ ။
လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်
မြန်မာဆိုရင် ငပိကိုမမေ့ နဲ့ စာပေမှာဆိုရင် ဗျည်းနဲ့စတာရှိရပါသေးတယ်
ခေတ်တွေဘယ်လိုတိုးတက်၊ မျိုးဆက်မပျက်အောင် သတိထားရင် ကျေနပ်ပါတယ်ကွယ်......။
ဘဝင်မကျလို့တင်ပြရတာ နားဝင်စမ်းပါ ( ရွှေ ) ညီ အကိုမောင်နှမနဲ့ ဘော်ဒါအပေါင်းနသင်းများရယ်
ဘာညာဘာညာ နဲ့ဦးသိန်းတန်ဆိုခဲ့သလိုပါပဲ ခေတ်တွေဘယ်လိုပဲနေနေ
ဘယ်နေရာဘယ်တွေပဲရောက်ပါစေ ရွက်ကျပင်ကလေးတွေအပင်ပေါက်သလို မျိုးရိုးဗီဇကိုထောက်စေချင် တစ်ပြည်သားအချင်းချင်း ကူညီစောင့်ရှောက်စေချင်
ယဉ်ကျေးမှုတွေ မပျောက်စေချင်တာ ကျွန်ုပ်ရင်ထဲကဆန္ဒတစ်ခုပါ.............။
တိုင်းတစ်ပါး၍ အိမ်ထောင်ပြု သားမွေး မှုပြုသူများသာမက သူမမယ်(မည်) ဘဝနဲ့
နိုင်ငံရပ်ခြားရောက်လာကြရသူ ကလေးသူငယ်များအတွက်ပါသတိချပ်စရာပါ
ဟိုတစ်လောလေကလမ်းဘေးပလက်ဖောင်တစ်ခုမှာ ထဘီရှည်ရှည်ဝတ်ပြီး ပါးကွက်သားအကြဲသားနဲ့မြန်မာအမျိုးသမီငယ်တစ်ဦးကိုမြင်တွေ့ မိတော့ မြန်မာ့ရေမြေရဲ့
အငွေ့ အသက်ကိုရှူရှိုက်မိသယောင်ယောင်ပါ ရောမမရောက်ရင်ရောမလိုကျင့်ရမည်မှန်သော်လည်း
ဇီဇာကြောင်တတ်သူ ကျွန်တော် စောဒက တတ်မိပြန်ပါတယ် ( ဥပမာ ) မလေးရှားကဲ့သို့ဖွ့ံဖြိုးဆဲ
အာရှနိုင်ငံတွေမှာ ( အင်တာနေရှင်နယ်)အင်္ဂလိပ် ဘာသာစကားနဲ့စာပေကိုတွင်တွင်ကျယ်ကျယ်
သုံးစွဲလာကြခြင်းဟာ ပညာရေးအတွက် အပေါင်းလက္ခဏာဆောင်သော်လည်း ၎င်းတို့မိခင်ဘာသာ၊
စာပေ၊ယဉ်ကျေးမှု၊စကားတွေအတွက်အနှုပ်လက္ခဏာဆောင်နိုင်ပါတယ် အင်္ဂလိပ်စကားနဲ့ စာပေ
ကို အာရှနိုင်ငံတော်တော်များများ၌ ကျောင်း၊ရုံး လုပ်ငန်းနှင့်လူမှုရေးရာတွေမှာမကပဲ
မိသားစု အိမ်ထောင်စုအတွင်း၌ပါ တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြခြင်းရဲ့ရလဒ်အနေဖြင့်
၎င်းတို့မျိုးဆက် ကလေးသူငယ်တို့ မိခင်ဘာသာ စာပေ နှင့်ယဉ်ကျေးမှုများတွင်ယေဘုယျအားဖြင့်
အကျွမ်းမဝင်တတ်ကြတော့ပေ နိုင်ငံအတွင်ရှိမိသားစု တစ်စုတစ်စုတိုင်း ဤပေါ်လစီဖြင့်မျိုးဆက်ပြန့်ပွားခဲ့လေသော် ဘာသာစကား စာပေ ယဉ်ကျေးမှု တို့ ဆယ်စုနှစ် အနည်ဲးငယ်အတွင်းတွင်သာတိမ်ကောသွားနိုင်ပါတယ်။
ထိုကဲ့သို့သောမိသားစုကလေးငယ်အချို့ ကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့  ကြုံ မိတိုင်း
ကျွန်တော့ရင်ထဲ အောင့်သက်သက်ကြီးပါ ၎င်းတို့ဘိုးဘွားများကိုတောင် ၎င်းတို့ကိုယ်စားအားနာမိတယ်
အာရှတိုက်ထက် အဆများစွာ အင်္ဂလိပ်စာပေယဉ်ကျေးမှု လွှမ်းမိုးသော အနောက်နိုင်ငံများပင်လျင်
ထိုအမူအကျင့်မျိုး ရှားပါးလွန်းပါသည် ဟုစာရေးသူ ကြားဖူးမှတ်ဖူးပါတယ်။
စာရေးသူကြုံကြိုက်၍ ဘီဘီစီ ရေဒီယိုအသံလွှင့်ဌာနကထုပ်လွှင့်ခဲ့သောအမေရီကန်နိုင်ငံဖွား
မြန်မာနွယ်တေးသံရှင် မောင်ခင်မြင့် ဆိုသူနဲ့အင်တာဗျူးအစီအစဉ်ကိုနားဆင်ခဲ့ဖူးပါတယ်
(တိုက်စက်)ပြည်နယ်ဆင်ခြေဖုံးမြို့လေးရဲ့ဘီယာဘားအချို၌ပင်တိုင်စံ အဆိုကျော်ကလေးတစ်ယောက်ဖြစ်သူ
မောင်ခင်မြင့် ဟာထိုဒေသတစ်ဝိုက်၌အတော်အသင်နာမည်ရပါတယ် အမိရောအဖရောမြန်မာစစ်စစ်
ဖြစ်ပါလျှက် မြန်မာအရောက်အပေါက်နည်းသောထိုဒေသမှာမြန်မာလူမျိုးနှင်ယဉ်ကျေးမှုဆိုသည်မှာ
ဖြူသည်မည်းသည် မသ် မြန်မာပြည်ဆိုတာဘာရယ်အသေအခြာမသိ ကျွမ်းသေးဖူးတဲ့ဘဝပါ။
အင်္ဂလိပ်တတို့ထူထောင်ခဲ့ဖူးသောနေမဝင် အင်ပါယာ၏ ဩဇာအရှိန်အဝါ အကင်းမသေသေး၍လားမသိ
၎င်းးတို့စာပေ တွေကမ္ဘာ့ နိုင်ငံအသီးသီး ရဲ့ ကျောင်းသုံးပြဌာန်းစာအုပ်များ၌နေရာနေကြလေရဲ့
အများလက်ခံသလို ကျွန်ုပ်တို့လည်းလက်ခံရပါလိမ့်မယ် ကာဝကံရှင်၌အဃရာကျသော်လည်း မိဘများရဲ့
အားနည်းချက်ပေသောဟုကျွန်ုပ်တစ်ဦးတည်းအတွေးနယ်ကျော်ခဲ့မိပါတယ်
ကျွန်တော်ဤသို့ဆို၍ အင်္ဂလိပ်စာပေ မလေ့ လာမလိုက်စာအပ်ဟုဆိုလိုခြင်းမဟုတ်ပါ
ကျွန်ုပ်တို့လို ကမ္ဘာ့ အနှံ့ ဝမ်းကြောင်းကြတဲ့ မြန်မာတို့အဖို့အသုံးတွင်သော မည်သည့်ဘာသာစာပေမဆို
လေ့ လာသင်ယူသင့်ပါတယ်
နိုင်ငံအစိုးရတိုင်း နိုင်ငံခြားဘာသာစာပေသင်ယူ မှု အားပေးကူညီကြပါတယ် သိုသော်အမေကိုမကျာ်
ပဲ ဒွေးတော်ကိုလွမ်းသင့်ပါတယ် ကမ္ဘာနှင့်ယှဉ်လျှင်အလွန်သေးငယ်လှသော ကျွန်ုပ်တို့
မြန်မာလူမျုးတွေ အတွက် ယဉ်ကျေးမှုခြင်းဝါးမျိုမှု မခံရလေအောင်ရည်ရွယ်လျှက်...............................

Subscribe to:
Post Comments (Atom)
No comments:
Post a Comment